Shan Ma Zay Chin Castor Oil - ကြက်ဆူဆီ
ကြက်ဆူဆီနဲ့ဆို အမြဲ ဆံပင်ထူစေရမည်
🤩မိန်းမတို့ဘုန်း ဆံထုံးဆိုတဲ့အတိုင်းပဲ ဆံကေသာအလှကလည်း အမျိုးသမီးတွေအတွက် အရေးပါတဲ့ အလှတရားတစ်ခုပါပဲ။ ဆံပင်လေးရှည်ပြီး ထူထဲနက်မှောင်နေရင် ဘာလေးဝတ်ဝတ် တင့်တယ်ပြီး မဟာဆန်ဆန် ယဥ်ယဥ်လေး လှပကျော့ရှင်းနေတာ မဟုတ်လားရှင်။
သို့ပေမဲ့ ဖြစ်ချင်တာ မဖြစ်ရတဲ့ လောကသဘာဝအရ
ဆံပင်ရှည်ပေမဲ့ ပါးနေတယ်။
ခဏခဏ ဆံပင်ကျွတ်တယ်။
ရှည်ပြီး မကျွတ်တာတောင် ဆံပင်အရောင်က မွဲခြောက်ခြောက်နဲ့ ပြောင်းဖူးမွေးဖြစ်နေတယ်။
လတွေသာကုန်သွားတယ်၊ ဆံပင်ရှည်တာ အရမ်းနှေးတယ်ဆိုတဲ့ သူလေးတွေလည်း ရှိနေပါတယ်။
ဒီလို လိုတာမရဖြစ်နေရတဲ့ အမျိုးသမီးလေးတွေအတွက် အကောင်းဆုံးလက်တွဲဖော်ဖြစ်စေမဲ့
ကြက်ဆူဆီကို ရှမ်းမစျေးခြင်းက ထုတ်လုပ်လိုက်ပြီမို့
မိတ်ဆက်ပေးမယ်နော်။
ရှမ်းမစျေးခြင်းရဲ့ ကြက်ဆူဆီက ဘယ်လိုအကျိုးကျေးဇူးတွေ ရစေသလဲ ?
ဆံပင်နဲ့ ဆံသား၊ ဦးရေပြားအတွက် ဒီလို အဓိကကောင်းမွန်စေပါတယ်။
✅ricinoleic acid ပြည့်ဝတာမို့ ဦးရေပြားသွေးလည်ပတ်မှုကောင်းစေပါတယ်။
✅essential fatty acids and vitamin E တွေပါဝင်တာကြောင့် ဆံပင်ပေါက်နှုန်းမြန်စေပါတယ်။
✅ဆံကေသာကိုလည်း ထူထဲရှည်လျားစေဖို့ အားဖြည့်ပေးပါတယ်။
✅ခြောက်သွေ့တဲ့ ဆံသားကို ဟိုးဆံသားအတွင်းပိုင်းထိ အစိုဓါတ်ဖြည့်ပေးနိုင်တာမို့ ပြန်လည်စိုပြည်လာစေပါတယ်။
✅ဆံသားနူးညံ့ပြီး တောက်ပြောင်စေတဲ့ Conditioning Effect တွေလည်း ပါသေးတယ်နော်။
ဒါ့အပြင်
✅မျက်ခုံးမွေးနည်းသူတွေဆိုရင် ညစဥ်ပုံမှန်လိမ်းပေးရုံနဲ့ သန်စွမ်းထူထဲစေပါသေးတယ်။
ခန္ဓာကိုယ်အတွက်ဆိုရင်လည်း ပေါင်နဲ့ တင်ပါးတွေမှာဖြစ်တတ်တဲ့
အကြောပြတ်ရာတွေ သက်သာစေပါတယ်။
------------------------------------------------
ဘယ်လိုအသုံးပြုရမလဲ ?
အသုံးပြုပုံကတော့
▪︎ကြက်ဆူဆီက အရမ်းပျစ်တဲ့ဆီဖြစ်တာကြောင့်
အုန်းဆီနဲ့ဆတူရောပြီး ၃၀ မိနစ်ကနေ နှစ်နာရီအထိ
နှပ်ထားလို့ရပါတယ်။
▪︎တစ်ညလုံးနှပ်လည်းရပါတယ်။ ( ဒါပေမဲ့ ကြက်ဆူဆီက အရမ်းပျစ်တာကြောင့် ခေါင်းလျှော်တဲ့အခါ ဆီမပြောင်တာမျိုးတွေဖြစ်တတ်ပါတယ်။ )
▪︎ဆံပင်အရင်းကနေအဖျား တစ်ခေါင်းလုံးလိမ်းလို့ရပါတယ်။
ကြက်ဆူဆီနဲ့ လက်ဖက်ဆီတွဲသုံးချင်ရင်လည်း
ကြက်ဆူဆီနဲ့အုန်းဆီရောပြီးတစ်ခေါင်းလုံးထားတဲ့အပေါ်
လက်ဖက်ဆီ ၁ ဆ နဲ့အုန်းဆီ ၃ ဆအရောကို ဆံပင်အရင်းနဲ့အဖျား နှပ်ထားပေးလို့ရပါတယ်။